"အဲဒါကို လုပ်ဖို့ ပိုကောင်းတဲ့ နည်းလမ်း ရှိတယ်၊ အဲဒါကို ရှာပါ "
"ဘဝရဲ့ကျရှုံးမှုတော်တော်များများဟာ စွန့်လွှတ်လိုက်တဲ့အခါ အောင်မြင်ဖို့ ဘယ်လောက်နီးစပ်နေတယ်ဆိုတာကို မသိကြတဲ့သူတွေကများပါတယ်”
၁၉၂၀ လောက်မှာ ကမ္ဘာ့တီထွင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ သောမတ်အက်ဒီဆင်ကို ဂျာနယ်လစ် တစ်ယောက် က မေးခဲ့ပါတယ်။ ခင်ဗျား မီးသီးကိုထွင်ဖို့အတွက် အကြိမ် ၁၀၀၀ လောက် ကျရှုံးခဲ့ရဆိုတာ ဟုတ်ပါသလားတဲ့။ အဲ့ဒါနဲ့ အက်ဒီဆင်က မဟုတ်ဘူးဗျ။ ကျနော် အကြိမ်၁၀၀၀လောက် ကျရှုံးခဲ့တာမဟုတ်ဘူး။ အဆင့်ပေါင်း အကြိမ် ၁၀၀၀ လောက်ကို ကျော်ဖြတ်ခဲ့ရတာဗျ လို့ ပြန်ဖြေလိုက်ပါတယ်။
ဗုဒ္ဓက ဗောဇင်္ဂ သုတ်ထဲမှာ ဘာဝိတာ၊ ဗဟုလိကတာ လို့ ဆိုဆုံးမထားပါတယ်။ သင်ယူလေ့ကျင့်ခြင်းအပြင်ကို အကြိမ်ရေများစွာ ထပ်ကာထပ်ကာလုပ်ပါ ။ တန်ခိုးတွေ တက်လာပါလိမ့်မယ်လို့လည်း ပြောထားပါတယ်။ အက်ဒီဆင်က လျှပ်စစ်ကို တီထွင်တဲ့သူ ပိုင်အိုးနီးယား မဟုတ်ပါဘူး။ သူက လျှပ်စစ်ကို ဆန်းသစ်တီထွင်ပြီး မီးအလင်းရောင် ရအောင် လျှပ်စစ်မီးသီး ဖြစ်အောင်လုပ်ပေးနိုင်သူပါ။
သူ့ကို ပါရမီရှင်လို့ အများက သတ်မှတ်ကြပေမဲ့ အထက်ပါ သူ့ရဲ့ အဆိုအမိန့်ကို ပြောခဲ့ပါတယ်။ ခင်ဗျားတို့ ကျနော့်ကို ဉာဏ်ကြီးသူလို့ ခေါ်ကြတယ်။ ပါရမီရှင်လို့ ပြောကြတယ်။ ကျနော့်မှာ ပါတဲ့ ပါရမီဆိုတာ ၁ % လောက်ပဲ ရှိပါတယ်ဗျာ။ ကျန်တဲ့ ၉၉% က ချွေးတလုံးလုံး နဲ့ အကြိမ်ရေ များစွာ လုပ်နေရတာပါ တဲ့။ တစ်ခုလုပ်တယ် ကျရှုံးသွားတယ်။ နောက်ထက်လုပ်ကြည့်တယ်၊ ကျရှုံးပြန်ရော။ သာမန်ဆိုရင် လက်လျှော့လိုက်ကြမှာပါ။ ကျနော်ကတော့ အဲ့လိုမတွေးဘူး။ အောင်မြင်ဖို့ နီးစပ်လာတယ်လို့ပဲတွေးတယ်။ အောင်မြင်ဖို့ လမ်းမှာ အမှားတွေကို တစ်ခုပြီးတစ်ခု ဖယ်ထုတ်နေသလိုမျိုးပေါ့။ အဲ့ဒိလိုမျိုးတွေးရင် ကျရှုံးတယ်ဆိုတာ အောင်မြင်မှုဆီကို ကပ်လာတယ်လို့ မြင်ရမှာပါ လို့ ပြောသွားပါတယ်။
ဒါကြီးက မလုပ်လို့ မမြင်လိုက်နဲ့နော်။ မဖြစ်မနေလုပ်ရမဲ့ အရာလို့တွေးထားရတယ် ။ စိတ်ကူးတစ်ခုပေါ်လာရင် လုပ်မယ် ဆိုပြီး စိတ်ဒုံးဒုံးချလိုက်ရတယ်။ အများစုက စိတ်ကူးကို စိတ်ကူး အတိုင်ပဲထားလိုက်လို့ မအောင်မြင်ကြတာပါ။ အဲ့တော့ အဲ့ဒိစိတ်ကူးတွေက တန်ဖိုးမရှိဖြစ်သွားတာပေါ့ လို့လည်း ပြောပါတယ်။
REF: Wiki
#MNP
https://t.me/MyanmarNationalPost


No comments:
Post a Comment