ပင်လုံမြို့၊ မြေစိုက်နံရံကပ်စာစောင်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပြသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့၊ မြေစိုက်နံရံကပ်စာစောင်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပြသဆောင်ရွက်




ပင်လုံ , ဖေဖော်ဝါရီ ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး​ဦးစီးဌာန မြေစိုက်နံရံကပ်စာစောင်၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးစာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ နံရံကပ်စာစောင်တွင် လေထုညစ်ညမ်းမှု Particulate Matter. PM 2.5. ကြောင့်ဖြစ်ပေါ်စေသည့် လူသားတို့၏ ကျန်းမာရေးဆိုင်ရာထိခိုက်မှုများ ကာကွယ်နိုင်ရန်၊ လေထုညစ်ညမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့်လူသားတို့၏ လူမှုစီးပွားရေးဆိုင်ရာထိခိုက်မှုများကို ကာကွယ်နိုင်ရန်၊ PM 2.5 လျော့ကျအောင် သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်စီးခြင်း၊ အမှိုက်များမီးရှို့ဖျက်စီးခြင်း မပြုလုပ်ကြရန်​၊ မီးရှို့၍အမဲလိုက်ခြင်းများ မပြုလုပ်ကြရန်၊ ရွှေ့ပြောင်းတောင်ယာဖော်ထုတ်ရာတွင် မီးရှို့ခြင်းမပြုလုပ်​ကြရန်နှင့် လေထုအရည်အသွေး အခြေအနေအားအများ ပြည်သူသိရှိ​စေရေး စောင့်ကြည့်တိုင်းတာ၍ ရလဒ်များအား ထုတ်ပြန်ပေးခြင်း လုပ်ငန်းများဆောင်ရွက်​​ပေးခြင်း၊ မော်တော်ယာဥ်၊ စက်ရုံအလုပ်ရုံလုပ်ငန်းများမှလည်း Cleanning Technology လို့ခေါ်တဲ့ ပိုမိုသန့်ရှင်းတဲ့နည်းပညာများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုကို နည်းပါးစေသောနည်းများကို အသုံးပြုကြစေခြင်းနှင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်လေ့ရှိသည့် မြို့များ၊ ဒေသများတွင် လေထုအရည်အသွေး သန်စင်စေသည့် သစ်ပင်များစိုက်ပျိုး၍ Green Space များ တည်ထောင်စေခြင်းစသည် လုပ်ငန်းများပြုလုပ် ဆောင်ရွက်ပေးပါက လေထုညစ်ညမ်းမှုကို ကာကွယ်ထိန်းသိမ်း လျော့ချသွားနိုင်စေရန်ရည်ရွယ်၍ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)