ရန်ကုန်၊ ဖေဖော်ဝါရီ ၂
(၇၈)နှစ်မြာက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၄) ရပ်ကွက်ရှိ စက္ခုလင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က စက္ခုလင်းစာကြည့်တိုက်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမူရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့်အင်းစိန်ခရိုင်အစိုးရအဖွဲ့ဝင်များ၊ လှိုင်သာယာမြို့နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ကွက်နေစာပေဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲထွန်းဇော်၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၂) ဦးအုန်းရွှေ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးဘိုကြည်၊ စက္ခုလင်းစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးဟိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် စာကြည့်တိုက်အတွင်းရှိ စာအုပ်/ စာစောင်များ စနစ်တကျထားရှိခြင်းများကို လှည့်လည်ကြည့်ရှုပြီး စာကြည့်တိုက် တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်ပေးနိုင်ရန် မှာကြားခဲ့သည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ စက္ခုလင်းစာကြည့်တိုက်ကော်မတီဉက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခြင်း စက္ခုလင်းစာကြည့်တိုက် ရာသက်ပန်ရှင်သန်စေရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း လှူဒါန်းသောစာအုပ်စာစောင်များ၊ စက္ခုလင်းစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးဟိန်း လှူဒါန်းသောစာအုပ်/ စာစောင်များ၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘိုကြည် လှူဒါန်းသောစာအုပ်/ စာစောင်များကို အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်ကလက်ခံရယူခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း လှူဒါန်းသောစာအုပ်/ စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းကလက်ခံပေးသည်။
ယင်းစက္ခုလင်းစာကြည့်တိုက်ဆောက်လုပ်ရာတွင် နိုင်ငံတော်မတည်ငွေကျပ် (၁၅၀) သိန်းနှင့် ပြည်သူများထံမှ အလှူငွေကျပ် (၁၁၁.၉) သိန်းတို့ဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ကျော်သန်း
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment