စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ဟင်းသီး၊ ဟင်းရွက်စိုက်ခင်းများနှင့် သုတေသနစိုက်ခင်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ဟင်းသီး၊ ဟင်းရွက်စိုက်ခင်းများနှင့် သုတေသနစိုက်ခင်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဖေဖော်ဝါရီ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့က စိုက်ပျိုးရေးတက္ကသိုလ်၏ အပင်မျိုးမွေးမြူရေးနှင့် အပင်ဇီဝကမ္မဗေဒနှင့် ဂေဟ ဗေဒဌာနရှိ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ ဆောင်ရွက်လျက်ရှိသည့် ဆင်းရွှေကြာ (၂) နေကြာ မျိုးအား (Recurrent Mass Selection) နည်းလမ်းကို အသုံးပြု၍ မျိုးရွေးချယ်ခြင်းလုပ်ငန်း ဆောင် ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဆင်းရွှေကြာ (၂) နေကြာမျိုးအား လိုလားသည့် လက္ခဏာများပါဝင်သည့် အပွင့်များရွေးချယ်၍ စိုက်ပျိုးရာသီတိုင်းတွင် သဘာဝအတိုင်း ဝတ်မှုန်ကူးခြင်းဖြင့် မျိုးမြှင့်တင် ထိန်းသိမ်းရမည်ဖြစ်ပြီး တောင်သူများကိုယ်တိုင် စပါးသီးနှံတွင် ခေါင်နှံယူသကဲ့သို့ မျိုးထိန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆင်းရွှေကြာ (၂) ကို အခြားသော သွေးဝေး‌သည့် နေကြာမျိုးများ၏ ဝတ်မှုန်များနှင့် ဝတ်မှုန်ကူးပေးခြင်းဖြင့် မျိုးဗီဇဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ပေးရမည် ဖြစ်ကြောင်း၊ မျိုးဗီဇဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကောင်းဆုံး နည်းစနစ်ကို သေချာစွာစူးစမ်းလေ့လာ၍ သီးနှံသဘာဝအရ သင့်တော်သည့် နည်းစနစ်များကို အသုံးပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၆၁) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်အားပေးသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးတင့်နိုင်က “ရန်ကုန်တိုင်းဒေသကြီး၏ နွေစပါးသီးနှံပန်းတိုင် အထွက်ရရှိရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ပညာရှင်ဝန်ထမ်း များ၊ ဇေယျာသီရိမြို့နယ်မှ တောင်သူ ၃၀ တို့က ကိုယ်တိုင်တက်ရောက်ကြပြီး မြစ်သား၊ စဉ့်ကိုင်၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ လှဉ်းကူးမြို့နယ်များမှ တောင်သူ ၂၄၈ ဦးနှင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက Zoom point ၁၀၀ point မှ တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)