ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပသည့် Thaicom Satellite ၏ နည်းပညာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲများသို့ MRTV ကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပသည့် Thaicom Satellite ၏ နည်းပညာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲများသို့ MRTV ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ သည့် Thaicom Satellite ၏ နည်းပညာဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲများနှင့် ဆက်စပ်လေ့လာရေးခရီးစဉ်များသို့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ကိုယ်စားလှယ်အဖွဲ့သည် Thaicom ရုံးချုပ်တွင် ဂြိုဟ်တုသုံး ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းစဉ်များအပါအဝင် လှိုင်းနှုန်းဆိုင်ရာနည်းပညာများ၊ မြေပြင်စခန်းနှင့် အဆက်အသွယ်ချိတ်ဆက်ရယူမှုဆိုင်ရာများအပြင် ဂြိုဟ်တုဆိုင်ရာနည်းပညာများ၊ သက်တမ်းနှင့် ကြံ့ခိုင်မှုစသည့် အချက်အလက်များကိုလည်းကောင်း၊ ရုပ်သံလွှင့်ရေး၊ ဆက်သွယ်ရေးနှင့် အင်တာနက်ချိတ်ဆက်ခြင်းများစသည့် နည်းပညာများကိုလည်းကောင်း၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ စိုက်ပျိုးရေး၊ မြေစာရင်းနှင့် သစ်တောဆိုင်ရာကဏ္ဍများတွင် ဂြိုဟ်တုအသုံးပြုဝန်ဆောင်မှုပေးနိုင်မည့်အခြေအနေများကိုလည်းကောင်း အပြန်အလှန် လေ့လာဆွေးနွေးကြသည်။

ထို့ပြင် MRTV OTT Platform Deployment နှင့် AI နည်းပညာ အသုံးပြုရေးအပါအဝင် လေ့လာရေးအစီအစဉ်များ၊ ဂြိုဟ်တုဆိုင်ရာနည်းပညာသင်တန်းများ၊ ဂြိုဟ်တုငှားရမ်းခသက်သာစွာဖြင့် ဝန်ဆောင်မှုရရှိနိုင်ရေးတို့ကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့က ထည့်သွင်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ထိုင်းနိုင်ငံအခြေစိုက် Thaicom Teleport သို့သွားရောက်ကြပြီး Centralize Network Service room တွင် CNS ဂြိုဟ်တု၏ လွှင့်အားသက်ရောက်မှု မှန်ကန်တိကျစေရန် ထိန်းကျောင်းမှုအပါအဝင် Master Control Room(MCR) တွင် လွှင့်တင်ထားသည့် Signal လမ်းကြောင်းများ၊ အချိန်ကိုက်ထုတ်လွှင့်မှုဆိုင်ရာအခြေအနေများနှင့် Satellite Control Desk Room (SCD)တွင် ဂြိုဟ်တု၏ ပတ်လမ်းနှင့် တည်နေရာကို အသေးစိတ်သိရှိနိုင်မည့် အကြောင်းအရာဆွေးနွေးချက်များကိုလည်း လေ့လာခဲ့ကြသည်။

ခရီးစဉ်အတွင်း MRTV  ကိုယ်စားလှယ်အဖွဲ့အနေဖြင့် Thaicom ဂြိုဟ်တုဝန်ဆောင်မှုရယူထုတ်လွှင့်လျက်ရှိသည့် Work Point TV Station ၌ ဖျော်ဖြေရေးအစီအစဉ်နှင့် ဇာတ်လမ်းတွဲများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအပါအဝင် စတူဒီယိုများအလိုက် ရိုက်ကူးရေးဆောင်ရွက်မှုအခြေအနေများ သိရှိရသဖြင့် MRTV လေ့လာရေးအဖွဲ့ အနေဖြင့် အကျိုးရလဒ်ရှိသောခရီးစဉ်ဖြစ်ကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)