ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး





လွိုင်ကော်၊ ဖေဖော်ဝါရီ ၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေး ထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်ဖွင့်လှစ်နိုင်ရန်အတွက်လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်ရှိ တက္ကသိုလ် စာကြည့်တိုက်၊ ဆရာ၊ ဆရာမအိမ်ရာများနှင့် ဝန်ထမ်းအိမ်ရာများ၊ ဒုတိယပါမောက္ခချုပ်နေအိမ်နှင့် အရာရှိအိမ်ရာများ၊ စားသောက်ဆိုင်တန်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ရမည့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ လွိုင်ကော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် အင်ဂျင်နီယာမှူးတို့က လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်တက္ကသိုလ်သည် ပြည်နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သဖြင့် တက္ကသိုလ် စာကြည့်တိုက်ရှိ သုတရသ စာအုပ်စာစောင်များနှင့် ဘာသာရပ်အလိုက် ကျမ်းပြုစာတမ်းများအား စနစ်တကျ ပြန်လည်စုစည်းထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တက္ကသိုလ်နယ်မြေ ပရိဝုဏ်အတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်နယ် ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လူအင်အား၊ စက်ယန္တရားများဖြင့် တက္ကသိုလ်တွင်းလမ်းများ လမ်းဘေးဝဲယာတစ်လျှောက်၊ တက္ကသိုလ်ပင်မဆောင်နှင့် စာသင်ဆောင်များ၊ ဆရာ၊ ဆရာမအိမ်ရာများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားကျောင်းသူ အိပ်ဆောင်များနှင့် စားသောက်ဆိုင်တန်းများ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးနေမှုနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် စက်ယန္တရားများဖြင့်မီးတားလမ်းများ ဖောက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်နယ်မြေ အဝင်မုခ်ဦး၊ တက္ကသိုလ်တွင်းလမ်းများနှင့် အဆောင်များပတ်ဝန်းကျင် စိုက်ပျိုးထားသည့် သစ်ပင်ပန်းမံများ စိမ်းလန်းစိုပြည်စေရေးအတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းသွားရန်၊ တက္ကသိုလ်နယ်မြေအတွင်း ဆက်သွယ် ရေးလိုင်းများ ပိုမိုကောင်းမွန်စေရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေး  စနစ်တကျဆောင်ရွက်ပေးရန် တာဝန် ရှိသူများအားမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)