မြန်မာ - နီပေါ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းခိုင်မာလာစေရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - နီပေါ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းခိုင်မာလာစေရေး ဆွေးနွေး




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ (၁၀:၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

 ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းခိုင်မာလာစေရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို မြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးစွာအမြင်ခြင်းဖလှယ်ခဲ့ကြသည်။ 

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။


#News #MNP

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)