ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Woojung Education and Culture Foundation Scholarship Award ပေးအပ်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Woojung Education and Culture Foundation Scholarship Award ပေးအပ်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်





ဆိုးလ်မြို့၊ ဖေဖော်ဝါရီ ၂၁

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀-၂-၂၀၂၅ ရက်နေ့တွင် Woojung Education and Culture Foundation မှ ကြီးမှူး၍ Korea Chamber of Commerce and Industry Building ၌ ကျင်းပသည့် Scholarship Award Ceremony for the 1stSemester of 2025 အခမ်းအနားအား တက်ရောက်ခဲ့ပြီး တက်ရောက်လာသော သံတမန်အဖွဲ့ကိုယ်စား ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနား၌ မြန်မာသံအမတ်ကြီးက Woojung Education and Culture Foundation မှ ကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသော ထူးချွန်သည့် နိုင်ငံတကာမှ ကျောင်း သား/သူများအား ပညာသင်ဆုများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ အဆိုပါပညာသင်ဆုထောက်ပံ့မှုသည် ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများ ကို တိုးမြှင့်ဆောင်ရွက်ရာ၌ အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ 1st Semester of 2025 အတွက်နိုင်ငံပေါင်း (၃၀) မှ ပညာသင်ဆုရရှိသူ ကျောင်းသား/သူ (၉၈) ဦးအား ပညာသင်ဆုများ ဆက်လက်ပေးအပ်ခဲ့သည်ကိုသိရှိရသဖြင့် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အဆိုပါပညာ သင်ဆု ရရှိသူများအနက် မြန်မာနိုင်ငံမှ (၃) ဦးကိုလည်း ပညာသင်ဆု ဆက်လက်ပေးအပ်ခဲ့သဖြင့် ဝမ်းမြောက်ပါကြောင်း၊ ပညာသင်ဆုရရှိသည့် ကျောင်းသား/သူများအနေဖြင့်လည်း ရည်မှန်းချက် ကြီးကြီးမားမားထားရှိကာ ပညာရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်းလမ်းများတွင် အောင်မြင်မှု များ အပြည့်အဝရရှိစေရန် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားပြီး ဆက်လက်ကြိုးစား အားထုတ် သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းနှင့် Woojung Foundationမှ ပညာသင်ဆုများ ဆက်လက်ချီးမြှင့်မှုသည် မြင့်မြတ်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာမှ ကျောင်းသား/ သူများ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသား/သူများအတွက် ပညာရေးပညာသင်ဆုများ ပိုမိုပေးအပ်ပေးပါရန် တိုက်တွန်းလိုပါကြောင်းစသည်ဖြင့် ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပါကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)