အောင်မြေသာစံ၊ ဖေဖော်ဝါရီ ၁၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ် (မန္တလေး)၏ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ နည်းပညာတက္ကသိုလ်(မန္တလေး)ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မဟာအင်ဂျင်နီယာ ၂၆ ဦး၊ ဗိသုကာအင်ဂျင်နီယာဘွဲ့ ၂၃ ဦး၊ မြို့ပြအင်ဂျင်နီယာ ၅၉ ဦး၊ သုတနည်းပညာအင်ဂျင်နီယာ ၂၄ ဦး၊ စက်မှုအင်ဂျင်နီယာ ၃၉ ဦး၊ မက္ကာထရောနစ်အင်ဂျင်နီယာ ၂၀ ဦး၊ အီလက်ထရာနစ် ၃၈ ဦး၊ လျှပ်စစ်စွမ်းအား ၄၃ ဦး၊ ရေနံတူးဖော်ရေးအင်ဂျင်နီယာဘွဲ့ ၁ ဦးနှင့် အဝေးရောက်ဘွဲ့ယူသူ ၆၆ ဦးတိုအား ပါမောက္ခချုပ် ဒေါက်တာစုယဉ်ဝင်းက ဘွဲ့လက်မှတ်များ ပေးအပ်ပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားကြောင်း သိရသည်။
မြင့်မော်ထွန်း
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment