ဖေဖော်ဝါရီ - ၇ ( သောကြာနေ့ )
တောင်အာဖရိက ဂျိုဟန်နက်စ်ဘာ့ဂ်တွင် ကျင်းပမယ့် G20 ဆွေးနွေးပွဲကို ဝါရှင်တန်အစိုးရက မတက်ရောက်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တောင်အာဖရိကအစိုးရ ၏ မြေယာပိုင်ဆိုင်ခွင့် ဥပဒေကြမ်းအတွက် ရန်ပုံငွေဖြတ်တောက်ကြောင်း ကြေညာပြီးနောက် ရက်ပိုင်းအတွင်း တောင်အာဖရိ သမ္မတက အမေရိကန်ဆိုပြီး လာအနိုင်ကျင့်ရင် ကျနော်တို့ကလည်း ခေါင်းငုံမခံဘူးလို့ ပြောဆိုလိုက်တာပါ။
တောင်အာဖရိကသမ္မတ ဆိုင်ရေး ရာမာဖိုဆာက ကြာသပတေးနေ့တွင် နိုင်ငံလုံးဆိုင်ရာ မိန့်ခွန်းပြောကြားစဉ် အတွင်း တောင်အာဖရိကအား အနိုင်ကျင့်ခံမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
"အမျိုးသားရေးဝါဒ ထွန်းကားလာမှု၊ အကာအကွယ်ပေးရေး၊ ကျဉ်းမြောင်းသော အကျိုးစီးပွားကို လိုက်စားမှုနှင့် ဘုံအကြောင်းရင်း ကျဆင်းလာခြင်းတို့ကို ကျွန်ုပ်တို့ မြင်တွေ့နေရတယ်"လို့ ၎င်း၏ နိုင်ငံတော် မိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။
“ဖွံဖြိုးဆဲစီးပွားရေးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံအနေနဲ့ ကျနော်တို့က ကမ္ဘာကြီနဲ့ အခုမှ စပြီး ဆက်ဆံနေရပါတယ်။ ဒါပေမဲ့ ကျနော်တို စိတ်မပျက်ပါဘူး။ ကျနော်တို့က တောင်အာဖရိကသားတွေဖြစ်ပါတယ်။ ခံနိုင်ရေကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ကျနော်တို အနိုင်ကျင့်ခံမှာ မဟုတ်ပါဘူး လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ယခုလနှောင်းပိုင်းတွင် Johannesburg ၌ ကျင်းပမယ့် G-20 ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ "တောင်အာဖရိကမှာ အလွန်ဆိုးရွားတဲ့ လုပ်ရပ်တွေ လုပ်နေပါတယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို သိမ်းယူပါတယ်။ စည်းလုံးညီညွတ်မှု၊ သာတူညီမျှမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုတဲ့ စကားလုံးတွေသုံးပြီး G20 ကို အသုံး ချနေပါတယ်” လို့ ၎င်းရဲ့ X ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
REF - DW
#News #MNP #International
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment