အောက်စ်ဖို့ဒ်က ကွမ်တမ် တယ်လီပိုတေးရှင်း ကို စမ်းသက်အောင်မြင်ပြီလို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်စ်ဖို့ဒ်က ကွမ်တမ် တယ်လီပိုတေးရှင်း ကို စမ်းသက်အောင်မြင်ပြီလို့ ဆို



ဖေဖော်ဝါရီ - ၇ (သောကြာနေ့ ) 

မနေ့က အောက်စ်ဖိုဒ်မှ သုတေသီတွေက ကွမ်တမ်တယ်လီပိုတေးရှင်းတွေကိုသုံးပြီး နေရာတစ်နေရာကနေ အလွန်ဝေးကွာတဲ့ နေရာတစ်ခုကို သတင်းအချက်အလက်တွေ ပို့ပေးနိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ ပုံမှန်အကောင်းစားကွန်ပြူတာတွေကို သုံးပြီး သတင်းအချက်လက်တွေ ပေးပို့နိုင်တာထက် အဆပေါင်းများစွာ သာပြီး၊ အဆပေါင်းများစွာမြန်တဲ့ သတင်းအချက်အလက်ပေးပို့နိုင်တဲ့ ကွမ်တမ်တယ်လီပိုတေးရှင်းက အနာဂတ် ဆက်သွယ်ရေး လောကမှာ အရေးကြီးတဲ့ အစိတ်အပိုင်းကနေ ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။ 

အဲ့ဒိတွေ့ရှိချက်နဲ့ ပတ်သက်ပြီး မနေ့က ထုတ်တဲ့ The Nature ဆိုတဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ ကွမ်တမ်ကွန်ပြူတာစနစ်ကို ဆယ်စုနှစ်များစွာကြာ လေ့လာခဲ့ပေမဲ့ မကြာသေးမီကမှ ၎င်းကို အတိုင်းအတာတစ်ခုအထိ လက်တွေ့လုပ်ဆောင်ရန် သိသာထင်ရှားတဲ့ တိုးတက်မှုများ ရရှိခဲ့ပါတယ်။ 

ကွမ်တမ်ရူပဗေဒ၏ ထူးခြားသောဂုဏ်သတ္တိများကို အသုံးချခြင်းဖြင့်၊ ကွမ်တမ်ကွန်ပျူတာများသည် ရိုးရာဘစ်များ—binary ‘ones’ နှင့် ‘zeros’—quantum bits (qubits) များဖြင့် အစားထိုးထားပါတယ်။ classical bits များနှင့်မတူဘဲ၊ qubits သည် superposition လိုခေါ်တဲ့ ဖြစ်စဉ်တစ်ခုကို ရလာတာပါ။ 

ယခင်လေ့လာမှုများက ကွမ်တမ် တယ်လီပိုတေးရှင်းက ရုပ်ပိုင်းဆိုင်ရာ ရွေ့လျားခြင်းမရှိဘဲ တည်နေရာနှစ်ခုကြား ဒေတာလွှဲပြောင်းခြင်း လောက်ပဲ ရခဲ့ပါတယ်။ ယခင်လေ့လာမှုများက သိပ္ပံပညာရှင်များသည် လောဂျစ်ဂိတ် တွေကို သုံးပြီး ပထမဆုံး ရုပ်ပိုင်းဆိုင်ရာ ရွှေ့လျားခြင်းကို ပို့ပေးနိုင်ခဲ့တာပါ။ Logical Gates များသည် algorithm တစ်ခု၏ အခြေခံ အစိတ်အပိုင်းများဖြစ်ပြီး၊ ၎င်းသည် လက်တွေ့ကျသော ကွမ်တမ်တွက်ချက်ခြင်းဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်လာစေပါတယ်။  သုတေသီများက ဤတယ်လီပို့ခြင်းနည်းပညာသည် အလွန်လုံခြုံသော ဆက်သွယ်မှု၊ တွက်ချက်မှုနှင့် အာရုံခံကွန်ရက်များကို ပံ့ပိုးပေးသည့် အနာဂတ် "ကွမ်တမ်အင်တာနက်" အတွက် အုတ်မြစ်ချနိုင်မယ်လို့ ဆိုထားပါတယ်။ 


REF - Breezy Scroll

#News #MNP #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)