ဖဖော်ဝါရီ - ၇ ( သောကြာနေ့ )
ရုရှား ဖက်ဒရယ်လုံခြုံရေး ဝန်ဆောင်မှု ( FSB ) က တိုင်းပြည်အတွင်းမှာရှိတဲ့ ယူကရိန်း စပိုင်တွေနဲ့ အကြမ်းဖက်သမားများကို လိုက်လံရှာဖွေဖော်ထုတ်ပြီး ဖမ်းဆီးနေရာ အခုဆိုရင် စပိုင်အမျိုးသမီး ၄ ဦးကို ဖမ်းဆီးထားမိပြီ လို့ ဆိုပါတယ်။
ဆာဗတ်စတိုပေါ ၊ ဗိုရွန်နက်ဇ် နဲ့ ရော့စတော့- အွန်ဒွန် မြို့တွေမှာ ရုရှား အဆင့်မြင့် အရာရှိကြီးများကို လုပ်ကြံဖို့ နဲ့ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးဖို့ အတွက် စီစဉ်နေတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးခဲ့တာပါ လို့ FSB က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ အမျိုးသမီးများသည် ယခင်က ယူကရိန်းနိုင်ငံအတွင်း၌ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ခဲ့ပြီး၊ လက်နက်များ အသုံးပြုရန်၊ မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်တွယ်ရန်၊ UAV များ လုပ်ဆောင်ရန်နှင့် ပြင်ပစောင့်ကြည့်ခြင်းများကို ထောက်လှမ်းရန် သင်ကြားပေးခဲ့ကြောင်း ဆိုပါတယ်။ သံသယရှိသူများ၏ နေအိမ်များကို ရှာဖွေစဉ်အတွင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရန်အတွက် လိုအပ်တဲ့ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်သည့် လက်စွဲစာအုပ်များကို သိမ်းဆည်းရမိခဲ့ကြောင်း FSB က ပြောပါတယ်။
ယူကရိန်းစပိုင် အမျိုးသမီးများအား အကြမ်းဖက်မှုဖြင့် စွဲချက်တင်ထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။ သံသယရှိသူများသည် ရာဇဝတ်မှုများကို ဝန်ခံခဲ့ကြောင်း FSB မှ ပြောကြားပြီး ၎င်းတို့၏ ကြံရာပါများ၏ အထောက်အထားများကို ဖော်ထုတ်ရန် စုံစမ်းရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း FSB က ပြောကြားခဲ့ပါတယ်။
REF - RT
#MNP #News #International
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment