စစ်တွေတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ ကျင်းပ







စစ်တွေ၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မြအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဟောပြောပွဲတွင် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်က ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များကို ကျောင်းသား၊ လူငယ်များသိရှိနိုင်ရန် အဓိကရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ အလားတူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်ရှင်သန်ထက်မြက်စေရန် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်းနှင့် အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စွမ်းဆောင်နိုင်ရန် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးသည့် အလွန်အရေးကြီးကြောင်း ပြောကြားသည်။

ဆက်လက်၍ စစ်တွေတက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဋ္ဌေးဋ္ဌးရီက ဇာတိမာန် စိတ်ဓာတ်နှင့် မြန်မာစာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာ မိမိခိုင်က မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြကြောင်း သိရသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်တွေတက္ကသိုလ်သို့ သင်ထောက်ကူပစ္စည်းများအတွက် ချီးမြှင့်ငွေများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပေးအပ်ရာ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်က လက်ခံရယူသည်။

ယင်းနောက် ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မြအေးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရသည်။


တင်ထွန်း

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)