ပေါင်မြို့နယ်၌သစ်တောထိန်းသိမ်းရေး၊‌ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌သစ်တောထိန်းသိမ်းရေး၊‌ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်







ပေါင်၊ ဖေဖော်ဝါရီ   ၁၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီ က အထက ပေါင် ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပေါင်မြို့နယ်သစ်တောဦးစီးဌာန မှတောအုပ်ကြီး ဦးဇော်လွင်ဦးက "သစ်တောထိန်းသိမ်းရေး" ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဟောပြောခဲ့ပြီး သထုံမြို့၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းအောင်မှ "ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ" ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက  ပြန်လည်ဖြေကြား‌ပေးခဲ့သည်။

ထို့နောက် သစ်တောဦးစီးဌာနမှဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်းများဆောင်ရွက်ခဲ့ပါကြောင်းတင်ပြအပ်ပါသည်။


မွန်မလေး 

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)