ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် MSME လုပ်ငန်းရှင်များအတွက် ပြည်တွင်းပြည်ပဈေးကွက်များ ချိတ်ဆက်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် MSME လုပ်ငန်းရှင်များအတွက် ပြည်တွင်းပြည်ပဈေးကွက်များ ချိတ်ဆက်ဆောင်ရွက်ပေး


နေပြည်တော်၊ ဖေဖော်ဝါရီ ၉

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် လုပ်ငန်း/ စီးပွားချိတ်ဆက်မှုပြခန်း၌ MSME လုပ်ငန်းရှင်များအတွက် ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေချိတ်ဆက်မှုနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ One Stop Services များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအတွက် ပဲခူး၊ မွန်၊ ရန်ကုန်တို့မှ MSME လုပ်ငန်းရှင် ငါးဦးတို့၏ အသင့်စားစားသောက်ကုန်၊ ဝဥ၊ ကွမ်းသီးခြောက်၊ လက်ဖက်ခြောက်တို့ကို လက်လီလုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြည်ပဈေးကွက်ချိတ်ဆက်မှုအတွက် တနင်္သာရီ၊ မန္တလေး၊ ဧရာဝတီ၊ မွန်၊ ကရင်တို့မှ MSME စီးပွားရေးလုပ်ငန်းရှင် ငါးဦးနှင့် စီးပွားရေးသံမှူး ၁၆ ဦးတို့ ရော်ဘာ၊ ပုလဲ၊ ဝဥခြောက် တင်ပို့လိုမှု ကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့ကြောင်းနှင့် ရင်းနှီးမတည်ငွေ ချိတ်ဆက်မှုတွင် ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်း(တောင်)၊ ရန်ကုန်တို့မှ MSME လုပ်ငန်းရှင်ကိုးဦးတို့ကို ဘဏ်လုပ်ငန်းရှင်များနှင့် ရင်းနှီးမတည်ငွေရရှိ နိုင်ရေးချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားမှုအတွက် ကုမ္ပဏီတစ်ခု၊ မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားပြီး မှတ်ပုံတင်လက်မှတ်ရရှိနိုင်မှုအတွက် ကုမ္ပဏီသုံးခုတို့ကို ဆွေးနွေးဖြေကြားနိုင်ခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ မန်ကျည်းတော်ဖီလုပ်ငန်းတစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆိတ်သားခြောက်လုပ်ငန်းတစ်ခု၊ မန္တလေးတိုင်းဒေသကြီးမှ သဘာဝခေါင်းလျှော်ရည် လုပ်ငန်းတစ်ခုတို့မှ FDA လျှောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးဖြေကြားနိုင်ခဲ့သည်။

အလားတူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်မှ ဝဥလုပ်ငန်းရှင်၊ ကွမ်းသီးလုပ်ငန်းရှင်တို့၏ ဒါရိုက်တာများလိုက်နာရမည့် တာဝန်များဆိုင်ရာ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားခဲ့ပြီး ကရင်ပြည်နယ်မှ မှိုင်းခံရော်ဘာထုတ်လုပ်ရေးလုပ်ငန်းရှင်၏ ကုမ္ပဏီအသစ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)