ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦး ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၁ ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦး ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၁ ဦးသေဆုံး

 





နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၇

PDF အမည်ခံအကြမ်းဖက်အဖွဲ့က စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာရှိ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်း အတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ပြီး ကိုရင်များဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက်သမား များမောင်းနှင်လာသည့် Drone ယာဉ် ၁ စီးသည် ရွှေဘိုမြို့နယ်၊ ဇီးကုန်း ကျေးရွာ၏ အရှေ့တောင်ဘက် အမြင့်မီတာ ၈၀၀ ခန့်အကွာမှ ပျံသန်းလာပြီး အဆိုပါ ကျေးရွာရှိမဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ Drop Bomb များဖြင့် ဖြုတ်ချ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦးတို့တွင် ဗုံးစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သူများအား ကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား ထောက်ခံမှုမရှိသည့် ကျေးရွာများကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းများအား ဥပဒေမဲ့လုပ်ဆောင်မှုများကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူများ၊ ရဟန်း သံဃာများ သေဆုံး၊ ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ဒေသခံ ပြည်သူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အလွန်စက်ဆုပ်ရွံရှာလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာတစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေး ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)