PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ






နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပကာရီကျေးရွာ၏ အရှေ့တောင် ဘက် အကြောင်းမဲ့လာရောက်ပစ်ခတ်မှုကြောင့် ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ မြို့/ ရွာ၊ လူနေ ရပ်ကွက်များအတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)