ကျောက်ပန်းတောင်း၊ ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက်(၉)နာရီမှ စတင်ကာ၊ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး(Booster) Pfizer ထိုးနှံခြင်းကို၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ကျ ဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး၊ မြို့ပေါ်ရှိဌာနဆိုင်ရာ(၄၄)ခုမှ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများလာရောက် ထိုးနှံကြရန် အသိပေးအကြောင်းကြားထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ယနေ့တွင် ဌာနဆိုင်ရာ ဝန်ထမ်း(၇၄)ဦး လာရောက်ထိုးနှံကြကြောင်းသိရပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပြီး ကျန်ရှိသူများကိုလည်း နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
နေအောင်
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment