နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့၌ တွေ့ဆုံပြီး အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်း များတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများ အမြန်ဆုံးလွှဲပြောင်းလက်ခံနိုင်ရေး ဆွေးနွေးညှိနှိုင်းကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် တင်ကိုကို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Narongchai Jindaphan ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်း စစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာ- ထိုင်း- တရုတ် သုံးနိုင်ငံပူးပေါင်း၍ (Online Scam) နှင့် (Online Gambling) တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရေး၊ မူရင်းနိုင်ငံ၊ ဖြတ် သန်းနိုင်ငံနှင့် ဆိုက်ရောက်နိုင်ငံတို့အကြား လွှဲပြောင်းလက်ခံရေးလုပ်ငန်းစဉ်များကို စနစ် တကျ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ၊ အဆိုပါနိုင်ငံများအကြား Task Force ဖွဲ့စည်းပြီး Action Plan ရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ တတိယနိုင်ငံသား များအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
#News #MNP
https://t.me/MyanmarNationalPost


No comments:
Post a Comment