အလုံ , မတ် ၇
အလုံမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေးနှင့် အသည်းရောင်အသားဝါအေရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းတို့ကို ယမန်နေ့နံနက် ၈ နာ ရီ အချိန်ခန့်က ဆင်မင်းဈေးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် အစားအသောက်ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့်် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဥ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်းရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask ၊ Cap ၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ အသုံးပြုခြင်း ရှိ၊ မရှိတို့ကိုစစ်ဆေးခြင်း၊ အသည်းရောင်အသားဝါအေရောဂါအကြောင်းအသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပြီး Mask နှင့် လက်သန့်ဆေးရည်များပေးဝေခြင်း၊ စျေးတွင်းပတ်ဝန်းကျင်သန့်ရှင်းမှုအား Check List ဖြင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောဧရာ
https://t.me/MyanmarNationalPost
No comments:
Post a Comment