နတ်မောက် , မတ် ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းပေါ်ထွန်းစေရန်နှင့် ခေတ်နှင့်အညီ နည်းပညာများ တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလျက်ရှိရာ ကွန်ပျူတာကို လူသားတိုင်း ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရန်၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမဲ့ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ အခမဲ့ကွန်ပျူတာသင်တန်းကို သင်တန်းသား/သူ စုစုပေါင်း (၄၀) ဦးအား အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ခွဲ၍ သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာအခြေခံဘာသာရပ်များကို တနင်္လာနေ့မှ သောကြာနေ့အထိ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မူမူစန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment