နပိုလီယံလို ကျရှုံးသွားမှာပါပဲလို့ ရုရှားဘက်က ပြင်သစ်ကိုတုံ့ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နပိုလီယံလို ကျရှုံးသွားမှာပါပဲလို့ ရုရှားဘက်က ပြင်သစ်ကိုတုံ့ပြန်


မတ် - ၇ ( သောကြာနေ့ ) 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြင်သစ်သမ္မတ မာခွန်က ရုရှား နိုင်ငံသည် ပြင်သစ်နဲ့ ဥရောပတိုက်က နိုင်ငံတွေအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာပြီလို့ ဒေါသတကြီးနဲ့ ပြောပြီးနောက်မှာတော့ ရုရှားအစိုးရအဖွဲ့ဝင်တွေက အရင်တုန်းကရုရှားကို စစ်ရှုံးသွားတဲ့ ပြင်သစ်စစ်ဘုရင်ကြီး နပိုလီယံလိုပဲ ကျရှုံးသွားမှာပါပဲ လို့ တုံ့ပြန်ပြောဆိုသွားပါတယ်။ 

ရုရှားရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ ဥရောပနိုင်ငံတွေအနေနဲ့ နျူ့ကလိယားထီး ( နျူကလိယ ဒုံးကျည် အကာအကွယ် အမိုး ) ကို တည်ဆောက်ဖို့အတွက် စစ်အသုံးစရိတ်ကို တိုးချဲ့မြှင့်တင်ဖို့ကိုလည်း ပြင်သစ်သမ္မတ က တောင်းဆိုထားတာလည်း ရှိပါတယ်။ 

ကရင်မလင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က မာခွန်ရဲ့မိန့်ခွန်းကို “အလွန်အမင်း ထိပ်တိုက်ရင်ဆိုင်မှု” လို့ ခေါ်ခဲ့ပြီး ပါရီအစိုးရက “စစ်ပွဲကို တွေးတောနေပုံရသည်” လို့ ဝေဖန်ခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်ကလည်း  ပြင်သစ်သမ္မတအား နပိုလီယံနှင့် နှိုင်းယှဉ်နှိုင်းခဲ့ပြီး၊ ရုရှားနိုင်ငံကို ဆိုးရွားစွာ ကျူးကျော်ဝင်ရောက်လာကာ နောက်ဆုံးတွင် ၎င်း၏ ကျဆုံးမှုကို ဖြစ်စေခဲ့ တာပဲပါလို့ ပြောသွားပါတယ်။ 

ရုရှားသမ္မတ ပူတင်ကလည်း ကြာသပတေးနေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Fatherland ဖောင်ဒေးရှင်းမှ ကာကွယ်စောင့်ရှောက်သူများနှင့် တွေ့ဆုံစဉ် နပိုလီယံနှင့် စစ်ပွဲကို ကိုးကားဖော်ပြခဲ့ပါတယ်။  “တချို့လူတွေက အဲဒါကို မကျော်နိုင်သေးဘူး။ နပိုလီယံခေတ်ကို ပြန်သွားချင်တဲ့သူတွေရှိသေးတယ်၊ ဒါပေမယ့် ဘယ်လိုအဆုံးသတ်သွားတယ်ဆိုတာ မေ့နေကြတယ်”လို့ ပြောသွားပါတယ်။

ဥရောပတိုက်ကနိုင်ငံအများစုကို သိမ်းပိုက်ပြီးနောက် နပိုလီယံသည် ၎င်း၏အင်အား ၆သိန်း ရှိသော မဟာစစ်တပ်ကြီးနဲ့ ထိုအချိန်က ဧကရာဇ်အလက်ဇန်းဒါး (၁ ) အုပ်ချုပ်ခဲ့သည့် ရုရှားနိုင်ငံကိုကျူးကျော် ဝင်ရောက်ခဲ့ပါတယ်။ ဘိုရိုဒီနိုတိုက်ပွဲအပြီးတွင် မော်စကိုမြို့ကို သိမ်းပိုက်ခဲ့သော်လည်း နပိုလီယံသည် ရုရှားတို့ကို လက်နက်ချရန် မစွမ်းဆောင်နိုင်ခဲ့ဘဲ အလျင်အမြန်ဆုတ်ခွာခဲ့ရကာ ၎င်း၏ စစ်တပ်အများစုကို ဆုံးရှုံးခဲ့ရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို ကမ္ဘာ့စင်မြင့်တွင် “အထီးကျန်ခွဲထား” သည့် မူဝါဒကို ပြောင်းပြန်လှန်ပြီး ယူကရိန်းပဋိပက္ခအတွက် မော်စကိုကို အပြစ်တင်ရန် ငြင်းဆိုပြီးနောက် ဥရောပသမဂ္ဂနိုင်ငံများသည် ဥရောပတွင် အမေရိကန်စစ်ဘက်တည်ရှိမှုဆိုင်ရာ အခြားရွေးချယ်စရာများ ရှာဖွေရန် အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်သည် တနင်္လာနေ့က ကိယက်ဗ်သို့ လက်နက်များ ပို့ဆောင်မှုအားလုံးကို ရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)