အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

 


ရန်ကုန်  , မတ် ၇

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးများနှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဖေက “မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ နောက်ခံသမိုင်းကြောင်း၊ (၁) ဆန္ဒဂတိ၊ (၂) ဒေါသဂတိ၊ (၃) မောဟဂတိ၊ (၄) ဘယာဂတိ အဂတိတရားလေးပါးအကြောင်း အရာများ၊ အဂတိတရားအမျိုးအစားများ၊ လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ရန်ကုန်တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ကော်မတီအတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များ၊ ဌာနအလိုက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၃) အား စတုတ္ထအကြိမ် ပြင်ဆင်ပြီးသည့် ဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ပြည်သူကိုဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သဖြင့် ဆက်ဆံရေးကောင်းမွန်ရန် အထူးလိုအပ်ကြောင်း၊ ပြည်သူများအားဌာန၏ လုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိတရား (၄) ပါးကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ရန်နှင့် ယဉ်ကျေး၊ စိတ်ရှည်၊ တာဝန်ကျေသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားလုပ်ကိုင်ကြရန်လိုအပ်ကြောင်း” မှာကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနမှူးများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အကြောင်းအရာများအား ဆွေးနွေးပြောကြားကြကြောင်း သိရသည်။

အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)