အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ


နေပြည်တော်၊ မတ် ၂၂

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီ (National Complaints Mechanism– NCM) အစည်းအဝေးကို ယမန်နေ့က နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှု ယန္တရားအကောင် အထည်ဖော်ရေး အမျိုးသားကော်မတီ (National Complaints Mechanism – NCM) ဥက္ကဋ္ဌ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီဝင်များ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရနှင့် ILO တို့ SU ယန္တရားအရ လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခဲ့သော ပူးတွဲတိုင်ကြားမှုယန္တရားမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သဖြင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေအစီအစဉ် (Decent Work Country Programme – DWCP) (2018-2021) အရ အဓမ္မခိုင်းစေမှုပပျောက်ရေးကို မိမိနိုင်ငံအစီအစဉ်ဖြင့် ဆောင်ရွက်ရန် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၁) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ (Nati-onal Complaints Mechanism – NCM) အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ILO ကြား ၂၀၀၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် MoU ၏ နောက်ဆက်တွဲ နားလည်မှုစာချွန်လွှာ (Supplementary Under-standing – SU) အရ ၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း တိုင်ကြားခဲ့သော လက်ကျန်အမှုများ၊ NCM မထူထောင်မီကြားကာလယန္တရား (၂၀၁၉ ခုနှစ်) တွင် လက်ခံရရှိသော လက်ကျန်အမှုများနှင့် ၂၀၂၀ ပြည့်နှစ် NCM ထူထောင်ပြီး လက်ခံရရှိသည့်အမှုများ ကို ဖြေရှင်းပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် အမှုများအမြန်ဆုံးဖြေရှင်းပိတ်သိမ်းနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားကော်မတီတွဲဖက်ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန် က အဓမ္မခိုင်းစေမှုပပျောက်ရေး အကောင်အထည်ဖော်ဆောင်နေမှု အခြေအနေများကိုလည်းကောင်း၊ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက NCM မှ လက်ခံရရှိသည့်အမှုများအား ဖြေရှင်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီ (National Complaints Mechanism– NCM) သည် အဓမ္မခိုင်းစေမှုရှိပါက ပြည်သူများအနေဖြင့် အလွယ်တကူတိုင်ကြားနိုင်ရန်နှင့် တိုင်ကြားမှု များကို ထိရောက်စွာအရေးယူ ဖြေရှင်းနိုင်ရန်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများဆုံးရှုံးမှု မရှိစေရေး အကာအကွယ်ပေးရန်၊ လုပ်အားနှင့်ညီမျှသည့် လုပ်ခလစာရရှိပြီး ဆင်းရဲနွမ်းပါးမှုလျော့ကျကာ လူနေမှုအဆင့်အတန်းမြင့်မားစေရန်နှင့် ထိခိုက်နစ်နာမှုများ ကုစားပေးနိုင်ရန်၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၃၀ ခုနှစ်၊ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် (၂၉)အပေါ် လိုက်နာကျင့်သုံးနေသည်ကို ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းသို့ ပြသရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်ကာ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းထားရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)