PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ် ပျဉ်ထောင်ကျေးရွာရှိ ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးအား လက်နက်ငယ်ဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ် ပျဉ်ထောင်ကျေးရွာရှိ ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးအား လက်နက်ငယ်ဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်


နေပြည်တော်၊ မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပျဉ်ထောင်ကျေးရွာမှ ဒေသခံပြည်သူအမျိုးသမီးတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက မတ် ၂၀ ရက်တွင် လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ပျဉ်ထောင်ကျေးရွာနေ ဒေါ်ခင်ညွန့် ၆၆ နှစ် (ဘ) ဦးဘိုးမော်သည် မတ် ၂၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကျေးရွာ၏ အနောက်ဘက်ရှိ ပဲစိုက်ခင်း၌ ရိုးသားစွာ အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဒေါ်ခင်ညွန့်အား ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များအပေါ် ထောက်ခံအားပေးမှုမရှိသောအကြောင်းပြချက်ဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့၊ ရွာများအတွင်း ဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်ခြင်းမရှိသော ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် သံဃာတော်များကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ လူသားမဆန်စွာ လုပ်ကြံ၊ သတ်ဖြတ်မှုများကို မကြာခဏ လုပ်ဆောင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)