နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား တက်ရောက်

 



နေပြည်တော် , မတ် ၉


၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်အမျိုးသမီးကော်မတီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသူများ တက်ရာက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားများကို ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဦးဆောင်မှုဖြင့် အမျိုးသမီးအခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးအတွက် အသိပညာပေးမှုများ၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျား/မရေးရာတန်းတူညီမျှမှု၊ ကျေးလက်/မြို့ပြကွာဟချက်နည်းပြီး ညီတူမျှတူဖွံ့ဖြိုးတိုးတက်ကာ အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားလာရေးနှင့် ကဏ္ဍစုံတွင် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ် ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့” “ For All Women and girl: Rights. Equality. Empowerment.” ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက အင်အားသစ်များနှင့်အတူ အဖွင့်သီချင်းဖြင့် သီဆိုကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်သီတာဇင်တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား၏ Video Clip ကိုပြသပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များက  မြန်မာမလေးပါရှင့်သီးချင်းဖြင့်လည်းကောင်း၊ ဥတ္တရခရိုင်မှ ပြည်ထောင်စုရဲ့ ထာဝရအလှများသီချင်းဖြင့် လည်းကောင်း၊ ဇေယျာသီရိခရိုင်မှ ကယန်းရိုးရာအကဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြပြီး စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က အမျိုးသမီးများဘဝနှင့် တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေသည်။

ထို့နောက် လယ်ဝေးခရိုင်မှ ထာဝရသစ္စာသီချင်းဖြင့်လည်းကောင်း၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သမီးငယ်များက Fitness Danceအကဖြင့် လည်းကောင်း၊ ပျဉ်းမနားခရိုင်မှ တောင်ယာဝင်ချိန်အတွေး သီချင်းဖြင့်လည်းကောင်း သီးဆိုကပြဖျော်ဖြေကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်သီတာဇင်၊ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက အသီးသီးဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)