မြန်မာ - ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကျင်းပ







နေပြည်တော်၊ မတ် ၇

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော် အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ဆွေနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးအဖွဲ့ဝင်များအဖြစ်လိုက်ပါသွားသည့် ကောင်စီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက် ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဘယ်လာရုစ် အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအလှမ်းကွာဝေးသော်လည်း သံတမန် ဆက်ဆံရေးနှင့် ကာကွယ်ရေးပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိသည့်နိုင်ငံများဖြစ်ကြီး ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်သည့် အခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာများ ရေးထိုးမည့် အခြေအနေများ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲ များ ကျင်းပနိုင်မှုအခြေအနေများ၊ နို့ထွက်ပစ္စည်များထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်း သီးနှံ များစိုက်ပျိုးထုတ်လုပ်ခြင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင် ရာကိစ္စရပ်များ၊ ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာ များထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည် မှု စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က သဘောတူ လက်မှတ်ရေးထိုးထားသည့် မြန်မာ-ဘယ်လရုစ် နှစ်နိုင်ငံအကြား အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာများ၊ အားကစားကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ များကိုလဲ လှယ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက် များကို အပြန်အလှန်ပြောကြားကြကြောင်းနှင့် နှစ်နိုင်ငံပူးတွဲကြေညာချက်များ အပြန်အလှန်ပြောကြားမှုများကို သီးခြားဖော်ပြသွားမည်ဖြစ်ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko အား အဂ္ဂမဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံတွေ့ဆုံပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါသွားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က မီဒီယာ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)