နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Roman Alexandrovich Golovchenko နှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Roman Alexandrovich Golovchenko နှင့်တွေ့ဆုံဆွေးနွေး

 




နေပြည်တော်၊ မတ် ၇

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် သည် ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Roman Alexandrovich Golovchenko နှင့် ယနေ့ဒေသစံတော်ချိန်ညနေပိုင်းတွင် ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်ရုံးသို့ရောက်ရှိရာ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်က ကြိုဆို နှုတ်ဆက်သည်။

ယင်းနောက် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် ချစ်ကြည်ရေးကိုယ်စားလှယ်ဖွဲ့ဝင်များ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘီလာရုစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ဘယ်လာရုစ်နိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို များစွာမြှင့်တင်ပေးနိုင်မှု အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ထုတ်ကုန်ပစ္စည်းများအပြန်အလှန်တင်ပို့နိုင်ရေးကိစ္စရပ်များ၊ မြန်မာ နိုင်ငံမှထွက်ရှိသည့် ဆန်အပါအဝင် အခြားစက်မှုကုန်ကြမ်းသီးနှံများ အားဘယ် လာရုစ် နိုင်ငံသို့တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ရေခံမြေခံကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံနှင့် ခေတ်မီစိုက်ပျိုးမွေးမြူရေး နည်းပညာများ ပိုင်ဆိုင်ထားသည့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများတွင် နည်းပညာများဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်စွမ်းအင် သုံးမော်တော်ယာဉ်များထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များနှင့် အခြားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်းသတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)