ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ




ကန်ကြီးထောင့်၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အား မြို့နယ်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ မြို့နယ်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာသန့်ရှင်းရေးကိစ္စရပ်များ၊ ရုံးတွင်း/ပြင်သန့်ရှင်းရေးကိစ္စရပ်များနှင့် သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေသည့်ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။


ကျော်ဇင်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)