ရန်ကင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ



ရန်ကင်း၊ မတ်  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားစိစစ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်အေးမြင့်က ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သတ်၍ ယခုလိုအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးခြင်း ဖြင့်ကလေးသူငယ်များအား အတင်းအကြပ်ခိုင်းစေခြင်းများ၊ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်စေမည့်အလုပ်များကို ခိုင်းစေခြင်းမပြုလုပ်ရန် စသည့်အချက်များကို ဆွေးနွေးခဲ့ပြီး အလုပ်ရုံနှင့် အလုပ်သမား စိစစ်ရေးဦးစီးဌာနမှ သင်္ဃန်ကျွန်း ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရအောင်က ကလေးအလုပ်သမားအဓိပ္ပာယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေမှုနှင့် ပတ်သတ်သည့် ဥပဒေပုဒ်မများ၊ ကလေးသူငယ်ကိုရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကျေးပိုင်ကျွန်ပိုင် ပြုလုပ်ခြင်း၊ လူကုန်ကူးမှုကျူးလွန်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းစသည့် အလုပ်များကို ပြုလုပ်ပါက သတ်မှတ်ပြဌာန်းထားသည့် ဥပဒေပုဒ်မအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင်ရှိသည့် ကလေးအလုပ်သမားအရေအတွက်၏ ၇၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် အများဆုံးရှိနေတာကို လေ့လာသိရှိရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆိုပါကဏ္ဍများတွင် အများဆုံးရှိကြောင်း၊ ကလေးအလုပ်သမားအတွက် အကာအကွယ်ပေးထားသည့် ဥပဒေများအကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


လှလှထွေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)