၂၀၂၆ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲများ ထွက်ပေါ်၊ မြန်မာအသင်း အုပ်စု (C)တွင် ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တာ့ခ်မင်နစ္စတန်တို့နှင့် အတူကျရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၆ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲများ ထွက်ပေါ်၊ မြန်မာအသင်း အုပ်စု (C)တွင် ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တာ့ခ်မင်နစ္စတန်တို့နှင့် အတူကျရောက်



ရန်ကုန်၊ မတ် ၂၇

၂၀၂၆  အာရှဖလား အမျိုးသမီး ခြေစစ်ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရေးဆွဲ ထုတ်ပြန်ခဲ့ရာ မြန်မာအသင်းသည် အုပ်စု( C)တွင် ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တာ့ခ်မင်နစ္စတန်တို့နှင့် အတူ ကျရောက်ခဲ့သည်။

ခြေစစ်ပွဲဝင်မည့် ၃၄ သင်းကို ၅သင်းပါ ၂ အုပ်စု၊ ၄သင်းပါ ၆ အုပ်စုခွဲပြီး ရေးဆွဲခဲ့ခြင်းဖြစ်ရာ ခြေစစ်ပွဲစဉ်များအား အိမ်ရှင်အဖြစ် မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့်ဗီယက်နမ်တို့က လက်ခံကျင်းပသွား မည်ဖြစ်သည်။

အုပ်စု ၁ ခုစီမှ ပထမရ အသင်း ၈ သင်း ခြေစစ်ပွဲ အောင်မည်ဖြစ်ပြီး ၂၀၂၆ အာရှဖလား အိမ်ရှင်ဩစတြေးလျ၊ ပြီးခဲ့သည့် ၂၀၂၂ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် တရုတ်၊ ဒုတိယ နှင့် တတိယရခဲ့သည့် တောင် ကိုရီးယားနှင့် ဂျပန်တို့သည် နောက်ဆုံးအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရရှိထားသည်။

ခြေစစ်ပွဲစဉ်များကို ၂၀၂၅၊ ဇွန် ၂၃မှ ဇူလိုင် ၅ ရက်အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပွဲစဉ်များကို ဩစတြေးလျနိုင်ငံ၊မြို့ကြီး ၃ မြို့တွင် ၂၀၂၆ ၊ မတ် ၁ မှ ၂၆ ရက်အထိ ပြုလုပ်သွားမည် ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)