ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တောမီးလောင်ကျွမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တောမီးလောင်ကျွမ်း


ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အီဝါ့တဲ ခရိုင် ကမ်းရိုးတန်းဧရိယာတစ်ခုမှာ တောမီးတွေ လောင်ကျွမ်းနေပါတယ်။

ဗုဒ္ဓဟူးနေ့က စတင်ခဲ့တဲ့ Ofunato မြို့က တောမီးဟာ မီးငြှိမ်းသတ်မှုတွေ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေပေမဲ့ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။

စနေနေ့ မနက် ၆ နာရီအထိ ခန့်မှန်းခြေ ဟက်တာ ၁,၄၀၀ မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ဒီပမာဏဟာ မကြေညာခင် တစ်ရက်အလိုက ဟက်တာ ၁,၂၀၀ လောက်ကနေ တိုးလာတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ အမျိုးသားတစ်ဦးလို့ ယူဆရတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ရဲတွေက သူသေဆုံးရတဲ့ အကြောင်းရင်းကို အတည်ပြုဖို့ ကြိုးစားနေပါတယ်။

အနည်းဆုံး အဆောက်အအုံ ၈၄ လုံး ပျက်စီးခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ မီးငြှိမ်းသတ်မှုတွေ ဆက်လက်လုပ်ဆောင်နေရတာကြောင့် ပျက်စီးဆုံးရှုံးမှုကို အပြည့်အဝကို အကဲဖြတ်ဖို့ အချိန်ယူရဦးမယ်လို့ မျှော်လင့်ရပါတယ်။

အာဏာပိုင်တွေက စနေနေ့မနက်မှာ နောက်ထပ်ခရိုင် ၃ ခုမှာ ဘေးလွတ်ရာတိမ်းရှောင်ရေး အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အခုအခါ အိမ်ထောင်စု ၁,၉၀၀ နီးပါး၊ လူဦးရေ ၄,၆၀၀ နီးပါးကို ဘေးလွတ်ရာတိမ်းရှောင်ဖို့ တိုက်တွန်းထားပါတယ်။

မနက် ၁၁ နာရီအထိ စုစုပေါင်း လူ ၁,၁၄၄ ဦး မြို့တွင်းက တိမ်းရှောင်ရေးစခန်းတွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။ ညနေပိုင်းအချိန်အထိ လူပေါင်း ၂,၀၀၀ လောက်ဟာ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

မီးငြှိမ်းသတ်ရေးအဖွဲ့တွေဟာ မီးလောင်မှု ပိုပြီးကျယ်ပြန့်မလာအောင် တားဆီးဖို့ ကြိုးပမ်းနေကြပြီး ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရဟတ်ယာဉ်တွေက ဝေဟင်ကနေ ရေတွေဖြန်းချတာနဲ့ အခြေအနေ လေ့လာစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။


Ref - NHK

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)