ကုလသမဂ္ဂနဲ့ နေတိုးအဖွဲ့တွေကနေ အမေရိကန်ထွက်ဖို့ အီလွန်မက်စ် နှပ်ကြောင်းပေးနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂနဲ့ နေတိုးအဖွဲ့တွေကနေ အမေရိကန်ထွက်ဖို့ အီလွန်မက်စ် နှပ်ကြောင်းပေးနေ



မတ် - ၂ ( တနင်္ဂနွေနေ့ ) 

မနေ့က အွန်လိုင်းပေါ်က မေးခွန်းတစ်ခုကို ကမ္ဘာ့သူဌေးကြီး အီလွန်မက်စ်က အမေရိကန်အနေနဲ့ ကုလသမဂ္ဂ အဖွဲ့နဲ့ မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ ( နေတိုး ) ကနေ ထွက်ဖို့အတွက် သမ္မတဒေါ်နယ်ထရမ့်ရော၊ သမ္မတရဲ့ပါတီဖြစ်တဲ့ ရီပါပလင်ကင်အမတ်တွေကလည်း စိတ်ဝင်စားနေတယ်လို့ ပြောလာပါတယ်။ 

သမ္မတထရမ့်ဖွဲ့ထားတဲ့ အစိုးရစွမ်းဆောင်ရည်ဌာန( DOGE) ခေါင်းဆောင်ဖြစ်သူ အီလွန်မက်စ်က ထရမ့်အနေနဲ့ ကုလသမဂ္ဂ နဲ့ နေတိုးအဖွဲ့က ထွက်မယ်ဆိုရင် ကျနော် အရင်ဆုံး ထောက်ခံပါမယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ နဲ့ နေတိုးအဖွဲ့တွေမှာ အမေရိကန်ပါဝင်ပတ်သက်နေမှုကို ပြန်လည်ဆန်းစစ်ရန်အတွက် ထရမ့်နဲ့ ပါတီအမတ်တွေ ဆွေးနွေးတိုင်ပင်နေကြပါပြီ။ 

ပြီးခဲ့တဲ့ လအတွင်းက ယူတက်ပြည်နယ် အထက်လွှတ်တော်အမတ် မိုက်လီက “ကုသမဂ္ဂက အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို တိုက်ခိုက်ဖို့အတွက် အာဏာရှင်အစိုးရတွေလျှောက်လို့ရအောင် လုပ်ပေးနေတဲ့ ပလက်ဖောင်း( စင်္ကြန်လမ်း) တစ်ခု ဖြစ်တယ်ဆိုပြီး စွတ်စွဲခဲ့တဲ့အပြင် အမေရိကားက သိသိသာသာ ငွေကြေးထောက်ပံ့မှုများလုပ်နေပေမဲ့ ကုသမဂ္ဂက စစ်ပွဲများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကပ်ရောဂါများကို တားဆီးရန် ပျက်ကွက်ခဲ့တယ်လို့ ပြတ်ပြတ်သားသား ဝေဖန်ခဲ့ပါတယ်။ 

မက်စ်ကလည်း သူ့ရဲ့ X ဆိုရှယ်မီဒီယာအကောင့်မှာ “ အမေရိကားက ကုသမဂ္ဂနဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို ရန်ပုံငွေ အလွန်အကျွံ သုံးစွဲနေရတယ်” ဆိုပြီး သံယောင်လိုက်ခဲ့ပါတယ်။ 

ထရမ့်အစိုးရအဖွဲ့ကလည်း ယူကရိန်းကနေ ရုရှား စစ်တပ်တွေ ချက်ခြင်းနှုတ်ထွက်ပေးပါဆိုတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့လကပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ပါတယ်။ 

ယခု ထရမ့်ရဲ့ အဓိကအကြံပေးပုဂ္ဂိုလ် မက်စ်က ကုန်ကျစရိတ်လျှော့ချရန်နှင့် ဖက်ဒရယ်လုပ်သား အင်အား လျှော့ချရန် နည်းလမ်းများကိုရှာဖွေရာတွင် ဦးဆောင်နေပါတယ်။  ဖေဖော်ဝါရီလတွင် DOGE သည် ကုန်ကျစရိတ်ဖြတ်တောက်မှု အစီအမံများမှ တစ်ဆင့် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၅၅ ဘီလီယံခန့် ချွေတာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

နေတိုး နဲ့ ပတ်သက်ပြီး အမေရိကားက အဖွဲ့ရဲ့ ကာကွယ်ရေးစရိတ် ၆၇% ကို ပေးဆောင်နေရပြီး တိုင်းပြည်ဝင်ငွေရဲ့ ၃.၅ % ကိုသုံးနေရတယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။ ဥရောပက နေတိုးအဖွဲ့ဝင် နိုင်ငံတွေက တိုင်းပြည်ဝင်ငွေရဲ့ ၂ % ကိုတောင် မသုံးတာနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ ကာကွယ်ရေးစရိတ် တိုးပေးမှ အမေရိကန်အနေနဲ့ ခံသာမှာဖြစ်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။ အကယ်၍ ဥရောပနိုင်ငံတွေက ကာကွယ်ရေးစရိတ် တိုးပြီး မစိုက်ထုတ်ရင် အမေရိကားအနေနဲ့ နေတိုးကနှုတ်ထွက်သင့်ကြောင်းကိုလည်း ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)