မတ်- ၂ ( တနင်္ဂနွေနေ့ )
ဟန်ဂေရီရုပ်သံ TV2 နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ဟောလီးဝုဒ်က နာမည်ကျော် ဆယ်လီတွေ ရုရှား- ယူကရိန်း ပဋိပက္ခကာလအတွင်းမှာ ဇီလန်စကီးကို ဒေါ်လာတွေ၊ ယူရိုတွေ သန်းနဲ့ချီပြီးပေးခဲ့တဲ့ နေရာမှာ အချို့က ကိုယ်တိုင်လက်ရောက်ပေးခဲ့တာရယ်၊ အချို့က USAID ကနေ တစ်ဆင့်ပေးခဲ့တာရယ်တွေကို လုပ်ခဲ့တယ်လို့ ဆိုသွားပါတယ်။
“လူတွေက သူတို့ထင်မြင်ချက်တွေနဲ့ သူတို့ ဇီလန်စကီးကို ပိုက်ဆံတွေ သွားပေးခဲ့တာပါ။ ကျနော်ပြောချင်တာက အဲ့ဒိပိုက်ဆံပေးခဲ့တဲ့ နာမည်ကြီးတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေက ယူကရိန်းသားတွေ ခံစားနေရဲ့ ဝေဒနာတွေကို သက်သာလိုသက်သာငြား သွားပေးတာမဟုတ်ပါဘူး။ နောက်ပြီး ယူကရိန်းသားတွေ တကယ်လည်းမရခဲ့ပါဘူး” လို့ ပြောသွားပါတယ်။ အချို့ အမည်မဖော်လိုတဲ့ ထောက်ပံ့သူတွေလည်း အများကြီး ရှိတယ်လို့ဆိုပါတယ်။
အန်ဂျလီနာဂျိုလီ၊ ရှောင်ပန်း၊ ဘန်စတေလာ နဲ့ အော်လန်ဒိုဘလွန်းတို့က တော့ ယူကရိန်းကိုသွားပြီး ဇီလန်စကီး လက်ထဲကို လက်ရောက်သွားပေးခဲ့တဲ့သူတွေထဲမှာ နာမည်ကြီးတွေပါပဲ။ အနောက်နိုင်ငံတွေထဲက နာမည်ကြီး ဆယ်လီ မနည်းမနောတွေလည်းဇီလန်စကီးကိုထောက်ပံ့ခဲ့ပါတယ်။ ၂၀၂၂ ဧပြီလတုန်းက ဂျိုလီက ဇီလန်စကီး လက်ထဲကို ကန်ဒေါ်လာ သန်း ၂၀ သွားပေးခဲ့ပါတယ်။ အဲ့လိုပဲ ပန်းက ၅သန်း ၊ စတေလာက ၄ သန်း နဲ့ ဘလွန်းက ၈သန်း အသီးသီးပေးခဲ့ပါတယ် ဆိုပြီး ပြီးခဲ့တဲ့ လက ရုရှား မီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
အဲ့ဒါနဲ့ ပတ်သက်ပြီး ပန်းက “ရုရှား မီဒီယာတွေ လိမ်လည်ပြီးဖော်ပြနေတာပါ” ဆိုပြီး သူ့ရဲ့ X ဆိုရှယ်မီဒီယာမှာ ပြန်လည်တုံ့ပြန်ထားသလို စတေလာရဲ့ ရှေ့နေတွေကလည်း အခုထွက်နေတဲ့ သတင်းတွေက သတင်းလိမ်၊ သတင်းမှာတွေပါ ဂရုစိုက်စရာမလိုပါဘူး လို့ တုံ့ပြန်ထားတာကို တွေ့ရပါတယ်။ အနောက်နိုင်ငံအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ AFPတို့ ၊ ရိုက်တာ တို့ အပါအဝင် မီဒီယာ အများအပြားကလည်း အဲ့ဒိကိစ္စကို မြေလှန်နေကြပါတယ်။
ယူကရိန်းကို ပိုက်ဆံတွေ ထောက်ပံ့ခဲ့တဲ့ ဆယ်လီအများစုကတော့ သူတို့ရဲ့ ငွေတွေကို USAID ကနေ တစ်ဆင့်သွားတာပါလို့ ပြောကြပါတယ်။ ထရမ့်တက်လာတော့ USAID ကနေ ထောက်ပံ့နေတဲ့ အကူအညီတွေကို ပြန်လည်သုံးသပ်ဖို့အတွက် လုပ်ငန်းစဉ်တွေကို ရက် ၉၀ ပိတ်ထားဖို့အတွက် အမိန့်ထုတ်လိုက်ပါတယ်။ မကြာသေးမီ ဆယ်စုနှစ်များအတွင်း USAID ၏ လုပ်ဆောင်ချက်များသည် အနောက်ကမ္ဘာ၏ သမိုင်းတွင် အကြီးမားဆုံး အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်နိုင်ကြောင်း အော်ဘန်က ၎င်း၏ အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment