မတ် - ၂၀ ( ကြာသပတေးနေ့ )
ယီမင်ရှိ ဟူသီသူပုန်များ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်ကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့ပါတယ်။ အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ယင်းတိုက်ခိုက်မှုသည် နှစ်လအတွင်း ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
"ဒုံးကျည်တွေကို အစ္စရေးပိုင်နက်ထဲကို မဖြတ်ကျော်ခင်ပဲ ကြားဖြတ်တိုက်ခိုက်လိုက်တာပါ။ ကျနော်တို့က အချက်ပေး စနစ်တွေကို အသက်သွင်းထားတဲ့အတွက် ဒုံးတွေပျံသန်းလာတဲ့အချိန်မှာပဲ တန်ပြန်တိုက်ခိုက်မှုတွေကို အလိုအလျောက်လုပ်နိုင်ခဲ့ပါတယ်" လို့ IDF မှ ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် X မီဒီယာတွင် ရေးသားခဲ့ပါတယ်။
ဟူသီစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အမ်မီဟေယန် က ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဟူသီသူပုန်များသည် နိုင်ငံ၏မြို့တော် ဆာနာ အပါအဝင် ယီမင်အနောက်ပိုင်း၏ အစိတ်အပိုင်းအများအပြားကို ထိန်းချုပ်ထားပါတယ်။ ဂါဇာရှိ ဟားမတ်စ်အဖွဲ့ ကို IDF က လေကြောင်းမှတိုက်ခိုက်ပြီး ချေမှုန်းနေစဉ်မှာ ၎င်းစစ်ဆင်ရေးကို တုံ့ပြန်သည့်အနေဖြင့် ဟူသီအဖွဲ့သည် နိုင်ငံတကာ သင်္ဘောများကို တိုက်ခိုက်ခြင်းနှင့် အစ္စရေးနိုင်ငံသို့ ဒုံးကျည်များ ပစ်ခတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment