လှည်းကူး၊ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကျန်းမာဏေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် ဝန်ထမ်းများကလည်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သင်းသင်းစိုးက သက်ကြီးဘိုးဘွာများအား ကျန်းမာရေးဆိုင်ရာလေ့ကျင့်ခန်းများ ပြုလုပ်ပေးပြီး အာဟာရအဖြစ် ကြက်သားဆန်ပြုတ်များ တိုက်ကျွေးပေးခဲ့သည်။
အဆိုပါသက်ကြီးရွယ်အို (၆၈) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့
https://t.me/MyanmarNationalPost


No comments:
Post a Comment