နတ်မောက်မြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

 


နတ်မောက်၊ မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သင်တန်းသား/သူများနှင့် စာဖတ်စာငှားလာသူများအား  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်(ဆောင်းပါး)၊ ၂၀၂၅ ခုနှစ် နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက် (၄)ရပ်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်နေ (၂၈-၃-၂၀၂၄ ရက်နေ့ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)၊ မျိုးမြတ်မြတ်မြင့်မောင်ရေးသားသည့်  ချစ်ညီစစ်သည်သို့ (ကဗျာ)၊ တပ်မတော်နေ့ဓာတ်ပုံနှင့် သရုပ်ဖော်ရုပ်ပြများ ပါဝင်ခဲ့သည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို နတ်မောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)