ကျိုင်းတုံမြို့နယ် ကဲရွှေ-နမ့်နီ-နမ့်ကဲ-ရှဲန်ထနူး ကျေးရွာ ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ် ကဲရွှေ-နမ့်နီ-နမ့်ကဲ-ရှဲန်ထနူး ကျေးရွာ ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး



ကျိုင်းတုံ၊ မတ် ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၁၁၈) ဒသမ (၆၆၈) သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာ အုပ်စုနယ်စပ်မှ နမ့်နီ/နမ့်လုံကျေးရွာအုပ်စု နမ့်ခမ်း-ဝမ်ကောင်း-ကဲရွှေ- နမ့်နီ-နမ့်ကဲ-ရှဲန်ထနူး ကျေးရွာ ကျေးရွာချင်းဆက်လမ်း ၄/၀ မိုင် မြေလမ်းတာချဲ့ခြင်းနှင့် (၅) ပေ Box Cuvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်မှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ဒေသအတွင်းရှိ ထုတ်ကုန်များအား လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်၍ တိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)