ကျိုင်းလပ်မြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းလပ်မြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ



ကျိုင်းလပ်၊ မတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် နှစ် (၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်က ကျိုင်းလပ်မြို့ ခမရ(၅၂၆)တပ်သို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်မှ နှင်းအပ်သည့် တာဝန်ကျေပွန်ခဲ့ပုံ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်ပေးနေမှု၊ တပ်မတော်၏ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်၊ တပ်မတော်၏ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်၊ ချစ်ညီစစ်သည်သို့ကဗျာ ခေါင်းစဉ်များအကြောင်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။


စန်းစန်းမြင့်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)