ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာအသင်း(ယာယီ)အား ဖွဲ့စည်းပြီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာအသင်း(ယာယီ)အား ဖွဲ့စည်းပြီး






ပဲခူး၊ မတ် ၁၄

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟို(ယာယီ)မှ ဗဟိုအတွင်းရေးမှူးဦးဇေယျာမြတ်ခိုင်၊ ဦးရဲရင့်စိုးညွန့်(အတွင်းရေးမှူး-၁)၊ ဦးဌေးလင်း(အတွင်းရေးမှူး-၂)တို့သည် မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာအသင်းရုံးသို့ ရောက်ရှိကာ အစည်းအဝေးခန်းမ၌ တက်ရောက်လာကြသော မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ယာယီ)အား ပြန်လည်ဖွဲ့စည်းနေမှုအခြေအနေများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဖွဲ့စည်းပြီးစီးမှုအခြေအနေများ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ စည်းကမ်း၊ ပြဌာန်းချက်၊ ဥပဒေများအားရှင်းလင်းဆွေးနွေးခြင်း၊ ပြန်လည်၍ ဖွဲ့စည်းရာတွင် လိုက်နာ သိရှိရမည့်အချက်များအား ဗဟိုအသင်း၏ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့သည်။ 

တက်ရောက်လာကြသော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သတင်းစာဆရာကြီးများမှ ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာအသင်း၏ သမိုင်းဖြတ်သန်း တည်ရှိမှုနှင့် တိုင်းဒေသကြီးကိုယ်စားပြု သတင်းစာဆရာအသင်း(ယာယီ)အား ဥပဒေ စည်းကမ်း ပြဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပေးရန်တို့အား အသီးသီးတင်ပြခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ယာယီ) ပဲခူးတိုင်းဒေသကြီးအား ပြန်လည်ဖွဲ့စည်းရန် ဥပဒေ စည်းကမ်းချက်များ၊ ပြဌာန်းချက်များနှင့်အညီ အများ၏ရှေ့မှောက်တွင် ဆန္ဒပြုရွေးချယ်ဖွဲ့စည်းစေခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ ဝါရင့်သတင်းစာဆရာကြီးများအား နာယကအဖြစ်တင်မြှောက်ခဲ့ကြပြီး ဦးဖြိုးကိုလင်း(ညောင်ဝိုင်း)အား ဥက္ကဋ္ဌအဖြစ်တင်မြှောက်ဆန္ဒပြုမဲပေးခဲ့ကြပြီး တိုင်းအလုပ်အမှုဆောင် (၁၅)ဦးဖြင့် ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာအသင်း (ယာယီ)အားအတည်ပြုဖွဲ့စည်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)