အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် နှင့် အာဆီယံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် နှင့် အာဆီယံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး တွေ့ဆုံဆွေးနွေး





ဂျကာတာ၊ မတ် ၁၄

 အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ၁၃-၃-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျကာတာမြို့ အခြေစိုက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ အာဆီယံဆိုင်ရာမလေးရှားအမြဲတမ်းကိုယ်စားလှယ် H.E. Sarah Al Bakri Devadason က သဘာပတိအဖြစ် ဆောင်ရွက်၍ အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာဆီယံဆိုင်ရာ တီမောလက်စတေအဖွဲ့ရုံးမှ ကိုယ်စားလှယ်က လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံ-အရှေ့အာရှထိပ်သီးအစည်းအဝေး လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အကောင်အထည်ဖော်မှုအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု စသည့် ဒေသတွင်းကိစ္စရပ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှ တစ်ဆင့် ယုံကြည်မှုမြှင့်တင်ခြင်းဖြင့် လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှား၏ ဦးစားပေးကိစ္စရပ် ဖြစ်သည့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ခိုင်မာအားကောင်းစေရေးအပေါ်  အလေးအနက်ထား ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အသိပေးဆွေးနွေးခဲ့သည်။ 

အဆိုပါအစည်းအဝေးပြီးနောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Evgeny Zagaynov နှင့်တွေ့ဆုံ၍ အာဆီယံနှင့် ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးအလားအလာများနှင့် လက်ရှိ အာဆီယံ-ရုရှား လုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးအဖြစ် (၃) နှစ်တာဆောင်ရွက်မည် ဖြစ်သည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)