ကလောမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




ကလော၊ မတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ကလောခရိုင်/မြို့နယ်အဆင့် သင်္ကြန်ပွဲတော်ဖြစ်‌‌မြောက်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် ပွဲတော်ကျင်းပရေးလုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်‌‌ရေးမှူး ဦးစိုးမြင့်က ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်‌ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး တက်‌‌ရောက်လာကြသည့် ပွဲတော်ကျင်းပရေးလုပ်ငန်းဆပ်ကော်မတီအဖွဲ့များက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်လုပ်‌ဆောင်ရမည့်လုပ်ငန်းလိုအပ်ချက်များပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြခဲ့ပြီးလုပ်ငန်းလိုအပ်ချက်များအား ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့သည်။

ကလောမြို့တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ မြန်မာသံစဉ်ဆိုင်းဝိုင်းအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်နိုင်ငံ‌ကျော်အဆိုတော်များ၊ ပြိုင်ပွဲဝင်သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ဖျော်‌ဖြေရေးအစီအစဉ်များ၊ လမ်း‌လျှောက်‌သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြို့နယ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)