ဇမ္ဗူသီရိမြို့နယ်တွင် တိုက်ကွမ်ဒို၊ အေရိုးဗစ်နှင့် Fitness Dance သင်တန်း ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်တွင် တိုက်ကွမ်ဒို၊ အေရိုးဗစ်နှင့် Fitness Dance သင်တန်း ဖွင့်လှစ်သင်ကြား




ဇမ္ဗူသီရိ၊ မတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် တိုက်ကွမ်ဒို၊ အေရိုးဗစ်နှင့် Fitness Dance သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေနော်ဝင်းက သင်တန်းဖွင့်အမှာစကာ ပြောကြားပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို  ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို တိုက်ကွမ်ဒိုနည်းပြဆရာ ဦးလင်းထန်နှင့် မောင်အောင်သန်း၊ အေရိုးဗစ်နှင့် Fitness Dance နည်းပြဆရာမ မလင်ငိုင်နမ်တို့က ဦးဆောင်သင်ကြားပေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးဖြင့် မတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တင့်ဖူးခိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)