ဆီးရီးယားတွင် စစ်ပွဲများပြန်ဖြစ်နေပြီး ၂ရက်အတွင်း လူပေါင်း ထောင်ချီသေဆုံး၊ ရုရှား -အမေရိကန် ပေါင်းရှင်းဖွယ်ရာ ရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီးရီးယားတွင် စစ်ပွဲများပြန်ဖြစ်နေပြီး ၂ရက်အတွင်း လူပေါင်း ထောင်ချီသေဆုံး၊ ရုရှား -အမေရိကန် ပေါင်းရှင်းဖွယ်ရာ ရှိနေ


မတ် - ၁၁ ( အင်္ဂါနေ့ ) 

ဆီးရီးယားမှာဖြစ်နေတဲ့ တစ်ကျော့ပြန်စစ်ပွဲကြောင့် လူထောင်နဲ့ချီပြီး သေဆုံးတဲ့ ကိစ္စကို အမေရိကန် နဲ့ ပေါင်းရှင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီး ဗာဆီလီနီဘန်ဇီယားက ပြောပါတယ်။ 

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စစ်ဘေးသင့် နိုင်ငံ၏ အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားလာခဲ့ပြီး အရပ်သား ရာနှင့်ချီ သေဆုံးခဲ့ကြောင်း၊ ရုရှားနှင့် အမေရိကန်တို့သည် ဆီးရီးယားရှိ အခြေအနေများနှင့် ပတ်သက်၍ အဆက်အသွယ်မပြတ်ရှိကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးဟာ ဆီးရီးယားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အလားတူ သဘောထားရှိကြောင်း မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နီဘန်ဇီးယား က ပြောသွားပါတယ်။ 

“ဒီနေ့ ဆွေးနွေးတဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အားလုံးက စည်းစည်းလုံးလုံးနဲ့ ပြောကြပါတယ်။ ကျနော့် တစ်သံတည်းနဲ့ ပြောတာမဟုတ်ပါဘူး၊ ဒါပေမယ့် လူတိုင်းက တူညီတဲ့အချက်တွေကို အလေးပေးကြတယ်- ဖြစ်ပျက်ခဲ့တာတွေကို လက်မခံနိုင်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက အကြမ်းဖက်မှုတွေပါပဲ” လို့ ဆိုသွားပါတယ်။ 

မနေ့ကအစောပိုင်းမှာလည်း ကရင်းမလင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က မော်စကိုသည် ဆီးရီးယားတွင် အကြမ်းဖက်မှုများ မြင့်တက်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး အမြန်အရေးယူ ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါတယ်။ “ကုလ အပါအဝင် နိုင်ငံအများအပြားနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏စိုးရိမ်မှုကို မျှဝေကြပါတယ်” လို့ ပက်စ်ကော့ဗ် က ဆိုပါတယ်။ 

မနှစ်က ဆီးရီးယား က အာဆတ်အစိုးရကို HTS လက်နက်ကိုင်တွေက ဖြုတ်ချခဲ့ပြီးနောက် အာဆတ်က ရုရှားနိုင်ငံကို ခိုလှုံသွားခဲ့ပါတယ်။ ဒီလ အစောပိုင်းကနေ စပြီး အာဆတ်ကို ထောက်ခံတဲ့ လက်နက်ကိုင်တွေက အာဏားသိမ်း အစိုးရ စစ်တပ်ကို ပြန်ပြီးတိုက်ခိုက်နေလို့ စစ်ပွဲ ပြန်ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာ လူပေါင်း ထောင်နဲ့ချီပြီး သေဆုံးခဲ့လို့ နိုင်ငံတကာမှာ အရေးအရာယူ ဆုံးဖြတ်ရမယ့်ကိစ္စရပ်ဖြစ်လာပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)