ဆေးတက္ကသိုလ်၊ မကွေး တွင် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆေးတက္ကသိုလ်၊ မကွေး တွင် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ










မကွေး၊ မတ် ၁၅

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်၊ မကွေး၏ (၁၆)ကြိမ်၊ (၁၇)ကြိမ်နှင့် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ(၁၅)ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်၌ ဆေးတက္ကသိုလ်၊ မကွေး ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။ 

ပါရဂူဘွဲ့၊ ဆေးပညာမဟာသိပ္ပံဘွဲ့၊ ဆေးပညာဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာခြင်း ခံရသူများအား ဆေးတက္ကသိုလ်၊မကွေး ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာအေးအေးဦးမှ ဘွဲ့အပ်နှင်းခဲ့သည်။ 

(၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့(၄)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့(၄၄)ဦး၊ ဆေးပညာဘွဲ့(၂၅)ဦး၊ 

(၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့(၁)ဦး၊ ဆေးပညာဘွဲ့(၄၅)ဦး၊ 

(၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဆေးပညာမဟာသိပ္ပံဘွဲ့ (၁၇)ဦး၊ ဆေးပညာဘွဲ့ (၉၀)ဦး၊ 

စုစုပေါင်း ပါရဂူဘွဲ့(၅)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့(၆၁)ဦး၊ ဆေးပညာဘွဲ့ (၁၆၀)ဦး တို့အား ဘွဲ့အပ်နှင်းချီးမြှင့် ပေးအပ်ခဲ့သည်။ 

ယခုဘွဲ့နှင်းသဘင် အပါအဝင် ဆေးတက္ကသိုလ်၊မကွေးမှ မွေးထုတ်ပေး လိုက်‌သည့် ဆရာဝန်ပေါင်း (၄၉၇၅)ဦးရှိခဲ့ပြီး ပါရဂူဘွဲ့ (၁၅)ဦး၊ ဆေးပညာမဟာသိပ္ပံ (၃၅၄)ဦး တို့ကိုလည်း အောင်မြင်စွာ လေ့ကျင့်ပျိုးထောင် ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)