အများပြည်သူသွားလမ်းများတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများကို ရှင်းလင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အများပြည်သူသွားလမ်းများတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများကို ရှင်းလင်းဆောင်ရွက်







ဆင်ဖြူကျွန်း၊ မတ် ၁၅

အများပြည်သူသွားလမ်းများတွင် PDF အကြမ်းဖက်သမားများက မိုင်းများထောင်ထားကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ မတ်လ ၁၅ ရက်(ယနေ့) မနက်ပိုင်းအချိန်၌ ကျွမ်းကျင်မိုင်းရှင်းအဖွဲများပါဝင်သော စစ်ကြောင်းသည် နယ်မြေရှင်းရန် ထွက်ခွာလာစဉ် မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြိုအနီး စလင်း-ဆိပ်ဖြူ ကားလမ်းပေါ်ရှိ ကိုးလန်ရွာအနီးတွင် PDF အကြမ်းဖက်သမား၄၀ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် တပ်မတော်သားများ ထိုခိုက်မှုမရှိဘဲ အခင်းဖြစ်ရာနေရာအား အသေးစိတ်ရှင်းလင်းရာ အရပ်ဝတ် အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်မိုင်း ၄ လုံး၊ လက်လုပ်မိုင်း(ပြုလုပ်ဆဲ) ၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ PDF ပြောက်ကျားယူနီဖောင်းအင်္ကျီ ၁ ထည်၊ ပြောက်ကျားဦးထုပ် ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် အများပြည်သူသုံးလမ်းများပေါ်တွင် ဖျက်အားပြင်း ပီပါမိုင်းများ ထောင်ခြင်းသည် War Crimes မြောက်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး အဆိုပါမိုင်းများကိုလည်း တပ်မတော်သားများက ဖော်ထုတ်၍ သက်မဲ့ပြုလုပ်ခဲ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)