တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပ



ပဲခူး၊ မတ် ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်/ မြို့နယ်အလိုက် GDP ဆိုင်ရာ စာရင်းဇယား အချက်အလက်များ မှန်ကန်စွာရရှိရေး အရေးကြီးကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSME ကဏ္ဍများ ဟန်ညီချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု၊ လုံခြုံမှုအပေါ်မှီခိုနေရပြီး မိမိတို့ရပ်ရွာ လုံခြုံမှုရှိမှသာ ရင်းနှီးမြှုပ်နှံမှု များပြားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်မှာဖြစ်ကြောင်း၊ ဒေသအလိုက် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥ ဖူလုံပိုလျှံမှုရှိစေရေး လအလိုက် တိုးချဲ့ဆောင်ရွက်သွားရမည့် လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီးဖြစ်၍ လိုက်နာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပူပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကုန်ထုတ်လမ်းတစ်လျှောက် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအပေါ် တစ်ပင်သေတစ်ပင်ပြန်စိုက်စနစ်ဖြင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ကျောင်းသားလူငယ်များအတွက် မြို့နယ်အလိုက် ယဉ်ကျေးလိမ္မာသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လာမည့် မိုးရာသီတွင် စိုက်ပျိုးသွားမည့် ကော်ဖီ၊ ကိုကိုးတို့အား ယခုအချိန်ကတည်းက ပျိုးထောင်ထားရှိခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးတော့မည်ဖြစ်၍ ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝကောက်ခံရရှိရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း တင်ပြပေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာ/သာသနာနှင့် ဆက်လက်ကျင်းပသွားမည့် ပွဲတော်များဆိုင်ရာကိစ္စရပ်များအား အသီးသီးအကြံပြုတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့်ပတ်သက်၍ မြို့နယ်တစ်ခုချင်းအလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များအပေါ် အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)