မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေဖူလုံရေးနှင့် ရေသယံဇာတထိန်းသိမ်းအသုံးပြုနိုင်ရေး မြေအောက်တမံများ တည်ဆောက်အသုံးပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေဖူလုံရေးနှင့် ရေသယံဇာတထိန်းသိမ်းအသုံးပြုနိုင်ရေး မြေအောက်တမံများ တည်ဆောက်အသုံးပြု



နေပြည်တော်၊ မတ် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းပေါ်ရှိ မြေအောက်တမံတည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုခဲ့စဉ် ဒုတိယဝန်ကြီးက ချောင်းကမ်းဘေးနှစ်ဖက်ရှိ မြေသားအနေအထား၊ ချောင်းကြမ်းပြင် ရေလုံလွှာအနေအထားတို့ကို ဘူမိဗေဒစမ်းသပ်မှုများ ထပ်မံစစ်ဆေးရေး၊ နှစ်စဉ်မိုးရေချိန်နည်းပါးပြီး ပူပြင်းခြောက်သွေ့သော မကွေးတိုင်းဒေသကြီးအတွင်း မြေအောက်ရေအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသနေပြည်သူများ စိုက်ပျိုးရေ၊ သောက်သုံးရေ ပိုမိုဖူလုံစွာထုတ်ယူသုံးစွဲနိုင်စေရေးအတွက် ရည်မှန်းကာ မြေအောက်တမံများကို ထပ်မံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သဲချောင်းများအား စူးစမ်းလေ့လာတိုင်းတာခြင်းလုပ်ငန်းများကို ယခုထက်ပိုမို လုပ်ဆောင်ထားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် မကွေးမြို့နယ် ဆိပ်သာကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသော ဆိပ်သာဆိုလာစနစ် ရေတင်စီမံကိန်းသို့ရောက်ရှိပြီး ဒေသတွင်း တောင်သူများအတွက် အလျင်အမြန်အကျိုးရလဒ် (Quick Win) ရရှိစေနိုင်ရေးဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဖြစ်သောကြောင့် စက်ကိရိယာ၊ ယန္တရားများ လုံလောက်စွာအသုံးပြု၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးပြည့်မီရေးနှင့် စီမံကိန်းလုပ်ငန်းပြီးစီးပါက သီးနှံပုံစံအလိုက်စိုက်ပျိုးရေ လိုအပ်ချက်အတိုင်း အပြည့်အဝပေးဝေစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ထိုမှတစ်ဆင့် မကွေးမြို့နယ်ရှိ ညောင်ပင်ခလချောင်းနှင့် ဖလံချောင်းတို့တွင် မြေအောက်တမံများ တည်ဆောက်နိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ထိန်းသိမ်းရေးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဦးစီးမှူးများနှင့်တွေ့ဆုံ၍ မြေအောက်တမံများတည်ဆောက်ပြီး စိုက်ပျိုးရေပေးဝေနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နွေစပါးနှင့် အခြားသီးနှံများ ရေပေးဝေမှုဆိုင်ရာကိစ္စရပ်များ၊ သီးထပ်စွမ်းအားတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးဆိုင်ရာကိစ္စရပ်များနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)