ကျိုင်းတုံ၊ မတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ/သင်တန်းကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းထွေးခင်က အခြေခံပညာအလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ သင်တန်းရေးရာ၊ သင်တန်းစည်းကမ်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၅၁၅ ဦး သင်တန်းတက်ရောက်ပြီး သင်တန်းကာလမှာ မတ် ၂၄ ရက်မှ မတ်လ ၂၈ ရက်ထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment