မကွေးတိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော(နေရာဒေသ) ကျေးရွာဆု စိစစ်‌ရွေးချယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော(နေရာဒေသ) ကျေးရွာဆု စိစစ်‌ရွေးချယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



မကွေး၊ မတ် ၂၅

မ‌ကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင် မကွေးမြို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော(နေရာဒေသ) ကျေးရွာဆုစိစစ်ရွေးချယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မိုးက ၂၀၂၄၂၀၂၅ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော(နေရာဒေသ) ကျေးရွာဆုဝင်ရောက်ယှဉ်ပြိုင်မည့် ကျေးရွာ(၈)ရွာအား အပြီးသတ်ဆုစိစစ်ရွေးချယ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် ကျေးရွာ(၈)ရွာနှင့်ပတ်သက်သောအခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်ကြောင်း ဂုဏ်ပြုဆုရွေးချယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်ဌာနများမှ ဆုရရှိသည့်ကျေးရွာအား ရွေးချယ်နိုင်ရေးအတွက် အကြံပြုဆွေးနွေးခြင်းများပြုလုပ်၍ ဆုကျေးရွာအား စိစစ်ရွေးချယ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော(နေရာဒေသ) ကျေးရွာဆုရရှိသည့် ကျေးရွာအမည်စာရင်းအား ကြေညာပြီးနောက် မကွေးတိုင်းဒေသကြီးတိုင်းအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာအခမ်းအနားသို့ ဂုဏ်ပြုဆုရွေးချယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်ဌာနများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှအရာထမ်းများ တက်ရောက်ကြောင်းသိရသည်။


ဝင်းအိမွန်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)